၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာနှင့်ပတ်သက်၍ ဟောပြောဆွေးနွေး

သာကေတ စက်တင်ဘာ

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် မြေပြင်တွင်သန်းခေါင်စာရင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၇/အနောက်ရပ်ကွက်ရှိ ဇိနမာရ်အောင် စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မာရုံတွင်၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်းစာရင်းကောက်ယူရေးဆိုင်ရာနှင့်ပတ်သက်၍ ယနေ့နံနက် ၁၁ နာရီအချိန်တွင် သာကေတမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ အတွင်းရေးမှူး ဦးစီးအရာရှိ ဦးကျော်မင်းဦး ဦးဆောင်ကာ ဟောပြောဆွေးနွေးခဲ့သည်။

အဆိုပါဟောပြောပွဲ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ အတွင်းရေးမှူး၊ ဦးစီးအရာရှိ၊ဦးကျော်မင်းဦးနှင့်ဝန်ထမ်းများက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့်တွင်ပါဝင် ဆောင်ရွက်မည့် ဆရာ၊ ဆရာမများအား သန်းခေါင်စာရင်းကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဆိုင်ရာများအားလည်းကောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းဆိုင်ရာနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမည့်စာရင်းစစ်၊ စာရင်းကောက်များ၏နည်းပညာပိုင်းနှင့် ဘာသာရပ်ဆိုင်ရာများအားလည်းကောင်း ဟောပြောဆွေးနွေးခဲ့ကာ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးကာ ဟောပြောဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)