ကျောက်ဆည်မြို့၌ မြို့နယ်အဆင့် Grade-12 ဘာသာရပ် ဆွေးနွေးပွဲပြုလုပ်

ကျောက်ဆည် စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ Grade-12 သင်ဆရာ/ဆရာမများ အခြေခံပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အရေးကြီးသော လူသားအရင်းအမြစ်များ အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်ရေးရေး၊ မြို့နယ်အဆင့် Grade-12 ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူးဦးညွန့်ဝင်းက လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များသည် အဓိကကြကြောင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသည့်အတွက် Grade-12 ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဘာသာရပ်အလိုက်ဆွေးနွေးပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်းအားဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် Grade-12 တက်ရောက်သင်ကြားနေသော ကျောင်းသား/ကျောင်းသူများ သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားခြင်း၊ သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှုနယ်ပယ်များအလိုက် ထိရောက်အောင်မြင်သော သင်ကြား၊သင်ယူ မှုများရရှိစေခြင်း၊ တတ်မြောက်မှုကိုစစ်ဆေးရာ၌ မေးခွန်းကောင်းတို့၏ အင်္ဂါရပ်များနှင့်ကိုက်ညီပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းရည်၊ တွေးခေါ်မျှော်မြင်မှုစွမ်းရည်ကို ဖော်ပြသောစစ်ဆေးတိုင်းတာမှုဖြစ်ခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် ဘာသာရပ်ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ Grade-12 ဘာသာရပ်သင် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်