ပြင်ဦးလွင်မြို့နယ်အတွင်း၌ ကျေးရွာစာကြည့်တိုက်များဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု

ပြင်ဉီးလွင် စက်တင်ဘာ    ၈   

ပြည်သူများ အသိပညာဗဟုသုတများစွာ တိုးပွားစေရန်နှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှု လေ့လာနိုင်စေရန်ရည်ရွယ်၍  မန္တ​လေးတိုင်း​ဒေသကြီး၊ ပြင်ဉီးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နိုင်ငံတော်မတည်ငွေ ကျပ်သိန်း(၁၅၀)ဖြင့်  ဆောက်လုပ်လျက်ရှိသော ကျေးရွာစာကြည့်တိုက်များ  ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာစာကြည့်တိုက်များ ဆောက်လုပ်နေသည့် ဟိုလိပ်ကျေးရွာအုပ်စု ၊ ပိန္နဲကုန်းကျေးရွာအုပ်စုနှင့် ကျွဲနွားထောက်ကျေးရွာအုပ်စုတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုရာတွင် စာကြည့်တိုက်ဆောက်လုပ်မှု ကော်မတီများနှင့်တွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက်များ ဆောက်လုပ်ရာတွင် အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ ပြည့်မီအောင် စနစ်တကျဆောက်လုပ်ရေး၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည် ။

ခရိုင် ၊ ပြန်/ဆက်