ကျိုင်းတုံ စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်အဆင့်နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့တွင် ကျိုင်းတုံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စေတနာပန်းတို့လန်းရာမြေ သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အတွက် ယူနက်(စ်)စကိုညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ကျိုင်းတုံခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းအေးကဖတ်ကြားသည်။
ထို့နောက် စာတတ်မြောက်ရေးလှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း Video Clip ကို အခမ်းအနား တက်ရောက်လာကြသူများအားပြသပြီး ကျောင်းသား၊ ကျောင်းသူများက စာတတ်မြောက်ရေးဝိုင်းကူပေး သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)