ကျိုင်းတုံ စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့အား အတတ်လည်းသင်ပဲ့ပြင်ဆုံးမ ဆရာများ၏ဂုဏ်ကျေးဇူးကို သိတတ်နားလည်စေရန် အနန္တဂိုဏ်းဝင်ကျေးဇူးရှင်မြတ်ဆရာများအပေါ် အစဉ်လေးစားတန်ဖိုးထားစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံစာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့က ကျင်းပကြောင်း သိရသည်။
ထိုသို့ယှဉ်ပြိုင်ကြရာ ကျိုင်းတုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ၂၁ ဦး၊ အလယ်တန်းအဆင့် ၂၁ ဦးနှင့် ကဗျာပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်းအဆင့် ၁၈ ဦး၊ အလယ်တန်းအဆင့် ၂၈ ဦး စုစုပေါင်း(၈၈)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)