မက်မန်း စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ကျင်းပခဲ့သည်။
အခြေခံပညာအထက်တန်းအဆင့်ရှိ ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာများအကြောင်းသိရှိပြီး ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြရာ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ထို့နောက်မြို့နယ်ဥပဒေအရာရှိဦးထက်ပိုင်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် ပတ်သက်သည့် အကြောင်းအရာအားလည်းကောင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးဇော်မင်းထိုက် (လက်ထောက်ညွှန်ကြားရေးမှူး)က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိဦးပြည့်ဖြိုးအောင်က ရွေးကောက်ပွဲနှင့်ပထမအကြိမ်မဲပေးကြမည့် လူငယ်များအခန်းကဏ္ဍအကြောင်း အရာအားလည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ Grade-12 နှင့် Grade-11 ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)