မက်မန်း စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် နယ်ခြားကျောင်းတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတတိုးပွားရေး၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မက်မန်းမြို့နယ်နယ်ခြားကျောင်းတွင် (လူငယ်နှင့် ပညာ) ခေါင်းစဉ်ဖြင့် လူငယ်ရေးရာစကားဝိုင်းကို ယမန်နေ့က သွားရောက်ကျင်းပခဲ့သည်။
အဆိုပါ လူငယ်ရေးရာစကားဝိုင်းတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဥမ္မာချိုက လူငယ်ရေးရာစကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်အား ဦးစွာရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နယ်ခြားကျောင်းမှ Grade-7 ကျောင်းသား မောင်ဂျီလာမြင့်က ပညာဆိုသည့် အဓိပ္ပာယ်အားလည်းကောင်း၊ Grade-7 ကျောင်းသူ မအီလှနွန်းက ကိုလိုနီခေတ်တွင် သင်ကြားခဲ့သော ပညာရေးအကြောင်းအရာအားလည်းကောင်း၊ Grade-7 ကျောင်းသူ မအီမိုင်က အိုင်တီခေတ်ပညာရေးအကြောင်းအရာအားလည်းကောင်း၊ Grade-7 ကျောင်းသူမနာခါးက ကလေးငယ်များ၏ ပညာရေးနှင့်ပတ်သက်သည့် အကြောင်းအရာအားလည်းကောင်း၊ Grade-6 ကျောင်းသား မောင်တေဇာအောင်က လူငယ်များ ဘာကြောင့်ပညာသင်ကြားရသည့် အကြောင်းအ ရာအားလည်းကောင်း၊ Grade-6 ကျောင်းသား မောင်ထက်ဝေယံဦးက ပညာတတ်ခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများ အကြောင်းအရာအားလည်းကောင်း၊ Grade-6 ကျောင်းသူ မအီလောင်ခမ်းက ပညာသင်ခွင့်ဆုံးရှုံးသွားသည့် လူငယ်တစ်ယောက်အတွက် ရရှိသောအကျိုးကျေးဇူးများအကြောင်းအရာအားလည်းကောင်း၊ Grade-6 ကျောင်းသူ မကေခိုင်းငြိမ်းက နိုင်ငံတကာာမှာရှိသော လူငယ်များသည် ကျောင်းစာများကို စနစ်တကျသင်ယူသင့်သည့် အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
လူငယ်ရေးရာစကားဝိုင်းတွင် နယ်ခြားကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးလှိုင်နှင့် ကျောင်းဆရာ/ဆရာမ၊ ကောင်းသား/ကျောင်းသူ စုစုပေါင်း(၈၅)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)