ညောင်ရွှေမြို၌ အင်းလေးဖောင်တော်ဦးဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ညောင်ရွှေ စက်တင်ဘာ ၈

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို အင်းလေးဖောင်တော်ဦးဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက ညောင်ရွှေမြို့ ရတနာမာရ်အောင်ဘုရား အရှေ့ဘက်မုခ်၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးတက်ရောက်လာသူများက နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရား ကန်တော့၍ အစည်းအဝေးကို စတင်ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း နှင့် ပွဲတော်ကျင်းပရေး ကော်မတီနာယက ဦးဘုန်းကြွယ်တို့က အမှာစကားပြောကြားကြသည်။

ထို့နောက် ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ကျော်က ပွဲတော်စည် ကားသိုက်မြှိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဆပ်ကော်မတီအသီးသီး ဖွဲ့စည်းတာဝန်ပေးအပ်မှုကို ရှင်းလင်းဖတ်ကြားသည်။

၎င်းနောက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ယခင်နှစ်လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ယခုနှစ်လိုအပ်ချက်များကို အကြံပြုဆွေးနွေးတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပွဲတော်တာဝန်ရှိသူများက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြ ကြောင်းနှင့် ညောင်ရွှေမြို့၌ အင်းလေးဖောင်တော်ဦးဘုရာပွဲတော်ကို သီတင်းကျွတ်လဆန်း(၇) ရက်နေ့မှ သီတင်းကျွတ်လဆန်း (၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ(ပြန်/ဆက်)