သန်လျင်မြို့၌ လူနာဘေးကင်းလုံခြုံရေးနေ့အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် စက်တင်ဘာ ၈

၂၀၂၄ ခုနှစ် လူနာဘေးကင်းလုံခြုံရေးနေ့အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာချောနန္ဒီက အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူနာဘေးကင်းလုံခြုံရေးဆိုင်ရာဓာတ်ခွဲစစ်ဆေးမှုနှင့်ပတ်သက်၍ အထူးကုဆရာဝန်ကြီး(ဓာတ်ခွဲ)ဒေါက်တာယဉ်ယဉ်သူကလည်းကောင်း၊ လူနာဘေးကင်းလုံခြုံရေးဆိုင်ရာဓာတ်မှန်စစ်ဆေးမှုနှင့်ပတ်သက်၍ အထူးကုဆရာဝန်ကြီး(ဓာတ်မှန်)ဒေါက်တာခင်ချောချစ်ကလည်းကောင်း၊ ဆေးဝါးသုံးစွဲမှုဆိုင်ရာလူနာဘေးကင်းလုံခြုံရေးနှင့်ပတ်သက်၍ ဒေါ်မြင့်မြင့်မော်(ဦးစီးအရာရှိ-ဆေးဝါး)တို့က အသီးသီးဆွေးနွေးကြသည်။

ထို့နောက် လူနာဘေးကင်းလုံခြုံရေးနေ့အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို သူနာပြု ပြုစုမှုကဏ္ဍနှင့်စပ်လျဥ်း၍ ဒေါ်ခင်မေစိုး(သူနာပြုအုပ်)နှင့်တာဝန်ရှိသူများကဆွေးနွေးပြီး တက်ရောက်လာကြသော အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများကအဖွဲ့လိုက် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 ဖြိုးသီဟ (ခရိုင်ပြန်ဆက်)