မော်လမြိုင် စက်တင်ဘာ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့အတွက် ပထမနှစ်သင်တန်းသားများစိစစ်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ်ပညာရေးမှူးရုံး သုံးထပ်ဆောင်ခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းသားများစိစစ်ရွေးချယ်ရေးစာမေးပွဲကို မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်တွင်ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ အေဂျီတီအိုင်ဒီပလိုမာသင်တန်းများသို့တက်ရောက်ရန်အတွက် သင်တန်းသား၊ သင်တန်းသူ(၂၈)ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်တို့ကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)