တန့်ယန်း စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့အား မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့်တာဝန်ရှိ ဆရာ၊ ဆရာမများက ကြီးကြပ်၍ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းဆင့်(၇)ဦး၊ အလယ်တန်းဆင့်(၁၉)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းဆင့် (၆)ဦး၊ အလယ်တန်းဆင့် (၁၂)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၄၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)