ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကွန်ပျူတာသင်တန်းဖွင့်ပွဲကျင်းပ

ပျဉ်းမနား စက်တင်ဘာ ၇

ပြည်ထောင်စုနယ်မြေ၊ ‌နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်သန့်က ဝန်ထမ်းများ ကွန်ပျူတာအခြေခံအချက်အလက်များကို နားလည်တတ်မြောက်စေရန်၊ အခြေခံမှစ၍ ကျွမ်းကျင်အဆင့်အထိ ဆက်လက်လေ့လာသွားရန်နှင့် ကွန်ပျူတာနှင့်ဆက်စပ်သော ရုံးလုပ်ငန်းများတွင် ကျွမ်းကျင်ပိုင်နိုင်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)၊ လက်ထောက်ညွှန်ကြားရေးမှူး (စီမံ)က သင်တန်း စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်သန့်နှင့် တာဝန်ရှိသူများက ကွန်ပျူတာသင်တန်းဖွင့်လှစ်သင်ကြားနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)