ပင်လုံမြို့၊ ပဒုမ္မာစာရီစာသင်တိုက်ရှိ ဓာတ်တော်မွေတော်ယာယီစံကျောင်းတော်၌ ဘုရားရဟန္တာများ၏ ဓာတ်တော် မွေတော် အံတော်ပွားများ ပင့်ဆောင်ပူဇော်သည့် မင်္ဂလာအခမ်းအနား ကျင်းပ

ပင်လုံ   စက်တင်ဘာ   ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပဒုမ္မာစာရီစာသင်တိုက်ရှိ ဓာတ်တော်မွေတော် ယာယီစံကျောင်းတော်၌ ဘုရားရဟန္တာများ၏ ဓာတ်တော် မွေတော် အံတော်ပွားများ ပင့်ဆောင်ပူဇော်သည့် မင်္ဂလာအခမ်းအနားကိုယနေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။

ရှေးဦးစွာ    နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍  အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး   ဘုရား တရား သံဃာနှင့် ဘုရားရဟန္တာ ဓာတ်တော် မွေတော် အံပွားတော်များ ပူဇော်၍ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး မေတ္တာသုတ်ပရိတ်တရားတော်နာကြား၍ လှူဖွယ်ဝတ္ထု အစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ အဂ္ဂမဟာ ဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ  သဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒ ဆရာတော် အရှင်မြတ်ထံမှသြဝါဒခံယူ၍ လှူဖွယ်အစုစုတို့အတွက် ရေစက်ချအမျှပေးဝေခဲ့ကြပြီးနောက် ရတနာမြတ်သုံးပါးတို့အား ထပ်မံကန်တော့ကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပအိုဝ်းစာပေ/ ရှမ်းစာပေယဥ်ကျေးမှု ကော်မတီဝင်များ၊ မြို့မိ၊ မြို့ဖများက ပန်းပေါက်ပေါက်များကြဲကာ အိုးစည်ဗုံမောင်းများဖြင့် ဓာတ်တော်မွေတော် အံတော်များကို မွေတော်ဟိုနားမုခ်ဦးတွင် ကြိုဆိုပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)