မန္တလေး စက်တင်ဘာ ၇
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီက အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့်ကျင်းပသောစာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းအဆင့်တွင် “ပညာဥယျာဉ်းမှူး” ခေါင်းစဉ်ဖြင့် ကျင်းပရာ ကျောင်းသားကျောင်းသူ (၃၂)ဦး၊ အလယ်တန်းအဆင့်တွင် “ဆရာမပြ နည်းမကျ” ခေါင်းစဉ်ဖြင့် ကျင်းပရာ ကျောင်းသား/ကျောင်းသူ (၄၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကဗျာရေးစပ်ပြိုင်ပွဲတွင် အထက်တန်းအဆင့်ပြိုင်ပွဲ၌ “ကြယ်ဓူဝံပမာ မြတ်ဆရာ” ခေါင်စဉ်ဖြင့် ကျင်းပရာ ကျောင်းသား/ကျောင်းသူ (၂၅)ဦး၊ အလယ်တန်းအဆင့် ပြိုင်ပွဲ၌ “ဆရာသခင်ကျေးဇူးရှင်” ခေါင်းစဉ်ဖြင့် ကျင်းပရာ ကျောင်းသား/ကျောင်းသူ (၂၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာရေးစပ်ပြိုင်ပွဲသို့ ချမ်းအေးသာစံမြို့နယ် ခေတ္တမြို့နယ် ပညာရေးမှူး ဒေါ်ချောစုလွင်၊ ဒုတိယပညာရေးမှူး ဦးသူရိန်စိုးနှင့် တာဝန်ရှိသူများ၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲများသို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားကျောင်းသူ (၁၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်