ကွန်ဟိန်းမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

ကွန်ဟိန်း    စက်တင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌  ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို  မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲအား ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။

အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "ပညာဥယျာဉ်မှူး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "ဆရာမပြ နည်းမကျ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင်  "ကြယ်ဓူဝင်ဗမာ မြတ်ဆရာ" ခေါင်းစဉ်ဖြင့် လည်းကောင်း အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် "ဆရာသခင် ကျေးဇူးရှင်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများသို့ ကွန်ဟိန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်နှင့် တာဝန်ရှိ ဆရာ၊ ဆရာမများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)