မြစ်သား စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ စျေးဆိုင်များ၊ ဆေးဆိုင်များနှင့် အဖွဲ့ပိုင်စျေးအတွင်းရှိဆိုင်များတွင် တားမြစ်ထားသောစားသောက်ကုန်နှင့် ဆေးပစ္စည်းများ၊ ဆန်များကို ရည်ညွှန်းစျေးအတိုင်းရောင်းချခြင်း ရှိ၊မရှိတို့ကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ မြို့နယ်အခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများက ပူးပေါင်း၍ မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ စျေးဆိုင်များ၊ ဆေးဆိုင်များနှင့် အဖွဲ့ပိုင်စျေးအတွင်းရှိ ဆိုင်များတွင်တားမြစ်ထားသော စားသောက်ကုန်နှင့် ဆေးပစ္စည်းများ၊ ဆန်များကို ရည်ညွှန်းစျေးအတိုင်း ရောင်းချခြင်း ရှိ၊မရှိတို့ကို လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)