လှည်းကူး စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် လောင်းကစား ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက လှည်းကူးပညာရေး ဒီဂရီကောလိပ် ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တက္ကသိုလ်ဥပဒေပညာဌာနမှ ပါမောက္ခများက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် လောင်းကစား ဥပဒေဆိုင်ရာအကြောင်းအရာများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ လည်းကူးပညာရေးဒီဂရီ ကောလိပ်မှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့သည်။
အခမ်းအနားသို့ လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်၊ ရန်ကုန်တက္ကသိုလ်ဥပဒေပညာဌာနမှ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၇၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)