ဟိုပုံး စက်တင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တက်ရောက်ရန်အတွက် ရေးဖြေစာမေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုခဲ့ကြသည်။
ထိုသို့ရေးဖြေစာမေးပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တက်ရောက်ရန်အတွက် ဟိုပုံးမြို့နယ်မှ သိပ္ပံတွဲ၊ ဝိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ(၁၁)ဦး၊ ဖြေဆို(၁၀)ဦး၊ ပျက်ကွက်(၁)ဦး၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်တက်ရောက်ရန်အတွက် သိပ္ပံတွဲ၊ ဝိပ္ပံတွဲ၊ ဝိဇ္ဇာတွဲကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၁)ဦး၊ ဖြေဆို(၁)ဦးရှိပြီး ကျောင်သား၊ ကျောင်းသူများက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာရပ်များကို ဖြေဆိုခဲ့ကြောင်းသိရသည်။ အဆိုပါဖြေဆိုနေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)