သံဖြူဇရပ် စက်တင်ဘာ ၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်း၍ ခြေတုလက်တုများတပ်ဆင်ပေးခြင်းနှင့် ပြန်လည်ပြုပြင်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ခြေတုလက်တုတပ်ဆင်ခြင်းလုပ်ငန်းကို တောင်ကလေးကျေးရွာရှိ ဘားအံခြေတုလက်တုပြန်လည်သန်စွမ်းရေးဋ္ဌာန နယ်လှည့်ခြေတုလက်တုပြုပြင်ရေးအစီအစဥ်မှ ကွင်းဆင်း၍ အရာရှိဦးထွန်းထွန်းအောင် ဦးစီးသော အဖွဲ့ဝင် ၇ ဦး၊ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးစိုးမင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် ၄ ဦး ပါဝင်၍ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ခြေတုလက်တုတပ်ဆင်ပေးခြင်း၊ တပ်ဆင်ထားသူများ၏ ခြေတုလက်တုအသေးစားပြင်ဆင်မှုနှင့် ဝှဲးချဲပြင်ဆင်ပေးခြင်းများကို စုစုပေါင်းလူနာ (၅၀)ဦးကိုဆောင်ရွက်ပေးခဲ့ကြောင်း ဘားအံခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာန တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)