ဒဂုံအရှေ့ စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မာဂဓီ-သာစည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဦးစွာ မာဂဓီ-သာစည်ကျောင်းအုပ်ဆရာတော် ဒေါက်တာအရှင်နေမိန္ဒက အဖွင့်အမှာစကားမိန့်ကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူက (၅၈) နှစ်မြောက် နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် အကြိုခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်တင်နီလာကျော်က လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဇွဲမင်းထက် (ပြန်/ဆက်)