ပင်လောင်း စက်တင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲအချိန်က အမှတ် (၄) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း စစ်ရေးပြကွင်း၌ ပြုလုပ်သည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကလောခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး မင်းစစ်နိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ စီမံအုပ်ရေးဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့် သန္ဓေ အရာရှိ/စစ်သည်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားတွင် အမှတ် (၄) စစ်အခြေခံ လေ့ကျင့်ရေးတပ်သင်တန်းကျောင်းမှ ခေတ္တတပ်မှူး ဒုတိယဗိုလ်မှူးကြီး စံအောင်ကျော်က ဆင်းပွဲမိန့်ခွန်းပြောကြားပြီး၊ သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားများအား ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ သင်တန်းသားစစ်ကြောင်းများက ခေတ္တတပ်မှူး ဒုတိယဗိုလ်မှူးကြီး စံအောင်ကျော်အား ချီတက်အလေးပြုကြသည်။
ထို့နောက် ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး မင်းစစ်နိုင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ စီမံအုပ်ရေးဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ညီညီတင်တို့က အမှတ် (၁) တပ်ခွဲ စာသင်ခန်းမတွင် သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား တွေ့ဆုံအားပေး စကားပြောကြားခဲ့ကြကြောင်း၊ အဆိုပါ အမှတ်စဉ် (၃/၂၀၂၄) ပြည်သူ့စစ်မှုထမ်း သင်တန်းကို သင်သား (၁၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်