ရမည်းသင်း စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ်(ရမည်းသင်း)တို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၁၀နာရီကTheater (1) ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာမြတ်သူက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၉၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ကျော်မိုးလှိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်နှင့် လိုက်နာရမည့်အချက်များအားလည်းကောင်း၊ ဒုတိယခရိုင် ဉပဒေအရာရှိ ဒေါ်ပြုံးသိရိဝေက မူးယစ်ဆေးဝါးဥပဒေ၊ လောင်းကစားဥပဒေနှင့်လူကုန်ကူးမှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား/ ကျောင်းသူများမှ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားထားကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)