မိုင်းဆတ် စက်တင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းတည့်(၁၂)နာရီက စာရေးဆရာအောင်ကိုဦး(UMK) ရေးသားသည့် “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ (Youth Club)အဖွဲ့ဥက္ကဋ္ဌ ဦးချင်းတွင်းဇော်က “တန်ဖိုးသတ်မှတ်နိုင်ပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဒေါ်ငုဝါဖူးက “Life is a Game” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးပိုင်ထူးက “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မေးမြန်းဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)