အလုံ စက်တင်ဘာလ ၆
ကျောင်းသားလူငယ်များအနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကို သိရှိရှောင်ရှားနိုင်ရန်နှင့် ပြိုင်ပွဲများတွင်ပါဝင်ယှဥ်ပြိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေနိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည့် “ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် သတိပြုကာကွယ်တို့လူငယ်” စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ကျင်းပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးအောင်စိုးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ချိုက ဆုရွေးချယ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ (၅) ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူ (၅)ဦး၊ မူလတန်းအဆင့်ပန်းချီးပြိုင်ပွဲတို့တွင် ဆုရရှိသူ (၅) ဦးတို့အား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး တက်ရောက်လာသူများသည် စာအုပ်စာစောင်ပြပွဲ၊ ဆေးလိပ်၊ ဆေးရွက်ကြီး အသိပညာပေးနံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို(ပြန်/ဆက်)