တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း စက်တင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်မြို့နယ် သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းအခြေပြုဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီက အဆိုပါကျောင်း၊ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင်  ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ခြင်းနှင့်အနာဂတ်အကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်က မီးဘေးအန္တရာယ်အကြောင်း၊ ရွှေမြို့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းနိုင်ဝင်းက မှုခင်းကျဆင်းရေးအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပြီးနောက် သက်ဆိုင်ရာဌာနများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်