သင်္ဃန်းကျွန်း စက်တင်ဘာ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေးဖွံဖြိုးတိုးတက်လာစေရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများက ကလေးငယ်များအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲအကျင့်ကောင်းများရရှိလာစေရန်၊ အသိပညာဗဟုသုတများ ရရှိလာစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများနှင့်အတူ ကျင်းပဆောင်ရွက်ခဲ့ပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သိန်းအောင်