မြောက်ဥက္ကလာပမြို့နယ်၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မြောက်ဥက္ကလာပ စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌  မွေးစမှ အသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို  ယနေ့ နေ့လယ် ၁ နာရီအချိန် မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မွေးစမှ အသက် ၂ နှစ်အောက် ကလေးများအား ဘီစီဂျီ၊အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော(ရိုတာ)၊ ပိုလီယို၊  ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ၊ ဆုံဆို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ၀က်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို သတ်မှတ်ရပ်ကွက် စုရပ်နေရာများတွင်လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး ၊အောင်ကျော်စိန်(ပြန်/ဆက်)