မုဒုံ စက်တင်ဘာ ၅
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျောင်သား/သူများ အသိပညာဗဟုသုတများပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး၊ ပြိုင်ပွဲနှင့်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီက အ.မ.ကကွမ်တာ(ရွာဟောင်း)စာသင်ကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးသီတာလွင်က အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက စာပေဖတ်ရှုလေ့လာခြင်းသည် ဘဝအတွက် အလွန်အရေးကြီးသည့်အချက်ဖြစ်သောကြောင့် ငယ်ရွယ်စဥ်ကတည်းက စာပေဖတ်ရှုလေ့လာမှု အလေ့အကျင့်ကောင်းကို ပြုစုပျိုးထောင်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းစာအပြင် ပြင်ပစာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် အမှား/ အမှန် ခွဲခြားတက်စေရန်၊ အသိပညာဗဟုသုတပြည့်စုံ၍ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးနံရံကပ်ပိုစတာများ၊ စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ ၁၂၀ ဦးတို့မှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)