တိုက်ကြီးမြို့နယ်၊ ‌ဥတိုကျေးရွာ၌ အခြေခံ‌မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

ရန်ကုန် စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့က တိုက်ကြီးမြို့နယ်၊‌ ဥတိုကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီက ဌာန၏လုပ်ဆောင်နေမှုများ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုး‌‌ကျေးဇူးများနှင့် လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းထူထောင်မည့် သူများရွေးချယ်ရာတွင် အမှန်တကယ်လုပ်ငန်းထူထောင်မည့်သူများကို ရွေးချယ်ရန်မှာကြားခဲ့သည်။

အဆိုပါသင်တန်းတွင် အခြေခံ‌မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို (၁) လကြာ စာတွေ့ (၃၀) ရာခိုင်နှုန်းနှင့် လက်တွေ့ (၇၀) ရာခိုင်နှုန်း သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်း‌ဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီ၊ မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရဲဇော်ထွန်း၊‌ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းလုပ်ငန်းအ‌ကောင်င်အထည်‌ဖော်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)