မှော်ဘီ စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈) နာရီမှ (၉) နာရီထိ မှော်ဘီမြို့နယ် သန္ဓေပင်တိုးဂိတ်အနီး ယာဉ်ထိန်းတပ်ဖွဲ့စု (၆၄) မှော်ဘီမှ ရဲအုပ်မီမီထွန်းဦးစီး၍ ယာဉ်ထိန်းတပ်ဖွဲ့ဝင် (၃) ဦးတို့မှ ဆိုင်ကယ်စီးနင်းသူ (၃၀) ဦးတို့အား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ယာဉ်ထိန်းရဲအုပ်မီမီထွန်းမှ ဆိုင်ကယ်စီးနင်းရာတွင် ဦးထုပ်ဆောင်းရန်နှင့် နှစ်ဦးထက်ပို၍မစီးရန်၊ နှစ်ဦးစလုံးဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ ဆိုင်ကယ်မောင်းနေစဉ် လက်ကိုင်ဖုန်းများမပြောရန်၊ မြို့တွင်း၊ မြို့ပြင်အရှိန်ပြင်းစွာမမောင်းနှင်ရန်၊ အရက်သေစာ သောက်စားခြင်းမပြုရန်၊ မိုးရွာနေစဉ်အရှိန်ပြင်းစွာမမောင်းရန် မှာကြားဆောင်ရွက်ခဲ့သည်။
ထို့နောက် ယာဉ်ထိန်းရဲအုပ် မီမီထွန်းဦးစီး (၃) ဦးတို့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြောကြားခဲ့ပြီး ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များအား ဆိုင်ကယ်စီးနင်းသူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)