ကာလိ စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အ.မ.က မိုင်းယိုင်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများအား ကျောင်းသား/သူများ သိရှိနိုင်ရန်အတွက် အသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)