မိတ္ထီလာ စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် (၆၀) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ပေါက်ချောင်းရပ်ကွက်ရှိ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ၎င်း၏ ကွပ်ကဲမှုအောက်ရှိ ရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များက ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် သွေးလှူဒါန်းခဲ့ရာ ၎င်းစုပေါင်းသွေးလှူဒါန်းပွဲသို့ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိ၊ အထူးကု ဆရာဝန် (ရောဂါဗေဒ)ဒေါက်တာ ပြုံးဇာခြည်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မြသန်း၊ မြို့မစခန်းမှူး ဒုရဲမှူး ဇော်ဝင်းလှိုင်တို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရဲမှူးအောင်မြသန်းက သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်မျာအား တစ်ဦးလျှင် ကြက်ဥ ၁၀ လုံးနှင့် Royal D တစ်ဘူးစီတို့အား ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက် အထူးကု ဆရာဝန် (ရောဂါဗေဒ) ဒေါက်တာ ပြုံးဇာခြည်အောင်က ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် သွေးလှူဒါန်းခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြသန်းက လက်ခံသည်။
အဆိုပါ (၆၀)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ၎င်း၏ ကွပ်ကဲမှုအောက်ရှိ ရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင် ၂၁ ဦးက ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)