ပုဂံမြို့ မြင်းကပါကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ ကလေးသူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ

ညောင်ဦး စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ညောင်ဦးခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဥပဒေရုံး၊ ညောင်ဦး ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့နှင့် ခရိုင်/မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ကလေးသူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကလေးသူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်တို့အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်အေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း ဆွေးနွေးဟောပြောကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်က ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောဆွေးနွေးသည်။ ပြီးနောက် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း