စဉ့်ကိုင် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အလယ်ပိုင်းစစ်ဌာနချုပ်၊ ကျောက်ဆည်တပ်နယ်မှ ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူအား မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခြင်း အခမ်းအနားကို အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉နာရီအချိန်က ကျင်းပခဲ့ရာ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ၊ ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ခေတ္တ)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူများ၊ အလင်းဝင်ရောက်လာသူ ဦးကျော်ဇင်ထွေးနှင့် မိဘအုပ်ထိန်းသူ ဒေါ်မြင့်မြင့်စိန်တို့ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး ရဲဝင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲဝင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ပြည့်ဖြိုးအောင်တို့က အလင်းဝင်ရောက်လာသူ ဦးကျော်ဇင်ထွေးအား ထောက်ပံ့ငွေကျပ် (၂၅၀၀၀၀ိ/-)၊ ဆန်(၅)ပြည်၊ ပဲဆီသန့်(၅)ပိဿာ၊ ယမ်ယမ်(၁)ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ၄င်း၏ မိဘအုပ်ထိန်းသူ ဒေါ်မြင့်မြင့်စိန်ထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)