ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားခြင်းဆောင်ရွက်

ဗိုလ်တထောင်  စက်တင်ဘာ   ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့နံနက် (၁၁)နာရီ အချိန်က ဗိုလ်တထောင်မြို့နယ် မြို့နယ်သမဦးစီးဌာနတွင် စာအုပ်များလက်ဝယ်အရောက်အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ကြောင်းသိရသည်။

ထိုသို့နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ရုံးသို့လာရောက်ငှားရမ်းရန် အခက်အခဲရှိသောဝန်ထမ်းများနှင့် ဌာနဆိုင်ရာရုံးများသို့ အပတ်စဥ်သွားရောက်၍ နယ်လှည့်ကွင်းဆင်းပြီး သုတရသစာအုပ်များ၊ စာငှားသူ၊ စာဖတ်သူစိတ်ကြိုက်စာအုပ်များအား စာငှား/စာဖတ်သူများထံ အရောက် အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မေမြတ်နိုင်