ဒေါပုံမြို့နယ်တွင် ကလေးငယ်များကျန်းမာသန်စွမ်းစေရေးနှင့် ရောဂါအန္တရာယ်များမှ ကင်းဝေးစေရေးအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ဒေါပုံ စက်တင်ဘာ ၅

ကလေးငယ်များဘဝ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်က ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အားဆေး၊ သံချဆေးများ တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာစစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ကိုယ်အလေးချိန်(ပေါင်)ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မွေးစမှ အသက်()လ၊ ()လ၊ ()လ၊ ()လနှင့် ၂ နှစ်အရွယ်ကလေးငယ်များကို ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါစသည့် ရောဂါများမှ ကာကွယ်နိုင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးများအား ကလေးများ၏ အရွယ်အလိုက်သတ်မှတ်အကြိမ်များ ထိုးနှံပေးခြင်း၊ သံချဆေးနှင့် ကလေးအားဆေးများတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာသို့ ဒေါပုံမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများက ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရာတွင် အဆင်ပြေချာမွေ့စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ ဆက်)