လမ်းမတော်မြို့နယ်၌ “ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှု အန္တရာယ်သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် ပြပွဲ၊ ပြိုင်ပွဲအား ဆုပေးပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော "ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှု အန္တရာယ်သတိပြုကာကွယ်တို့ လူငယ်ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးပွဲအခမ်းနားကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၂) မြတ်ပညာခန်မ၌ ကျင်းပသည်။ 

ဆုပေးပွဲသို့ လမ်းမတော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်စိန်၊ လမ်းမတော်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်အုပ်ဆရာမကြီး ဒေါ်နီလာမော်နှင့် တာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က “ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှု အန္တရာယ်သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် ပြပွဲ၊ ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်နီလာမော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် လမ်းမတော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ “ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှု အန္တရာယ်သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၂၅ ဦးနှင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၂၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်