မိုင်းတုံမြို့၌ မြို့နယ်လမ်းဦးစီးဌာနမှ လမ်း ဝဲ၊ ယာများတွင် Road Signs အသစ်လဲလှယ် တပ်ဆင်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းတုံ စက်တင်ဘာ ၄

ရှမ်းပြည်နယ်၊ (အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လမ်းဦးစီးဌာနမှ Road  Signs အသစ်လဲလှယ်တပ်ဆင်ပြီးစီးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်လမ်းဦးစီး၊ မြို့နယ်ကျေးလက်လမ်း၊ မြို့နယ်စည်ပင်ဌာနများနှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်က ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ  Road  Signs အသစ်လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းကို  မိုင်းတုံမှ မိုင်းဆတ်သွားလမ်းတစ်လျှောက်နှင့် မိုင်းတုံ၊ တောင်ကြီး သွားလမ်းတစ်လျှောက်တို့တွင် သတ်မှတ်ထားသည့် စံချိန်နှင့်အညီ တပ်ဆင်ထားမှု ရှိ၊ မရှိ၊ စိုက်ထူးထားသည့် အကွာဝေး မှန်၊မမှန် စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးမှ မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)