ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားခြင်းဆောင်ရွက်

ဗိုလ်တထောင် စက်တင်ဘာလ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်(၁၁)နာရီ အချိန်က ဗိုလ်တထောင်မြို့နယ် မြို့နယ်သမဦးစီးဌာနတွင် စာအုပ်များ လက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရုံးသို့လာရောက်ငှားရမ်းရန် အခက်အခဲရှိသော ဝန်ထမ်းများနှင့် ဌာနဆိုင်ရာရုံးများသို့ အပတ်စဥ်သွားရောက်၍ လက်ဝယ်အရောက်နယ်လှည့်ကွင်းဆင်းပြီး သုတရသစာအုပ်များ၊ စာငှားသူ၊ စာဖတ်သူစိတ်ကြိုက်စာအုပ်များအား စာငှား/စာဖတ်သူများထံအရောက် အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မေမြတ်နိုင်