လှိုင်မြို့နယ်၌ မြို့နယ်အားကစားကော်မတီနှင့် မြို့နယ်ဘောလုံးဝါသနာရှင်တို့ပူးပေါင်း၍ အသက်(၁၄)နှစ်အောက် လူငယ်ဖလား အမျိုးသားဘောလုံး ပြိုင်ပွဲကျင်းပ

လှိုင် စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြို့နယ်အား/ကာကော်မတီနှင့် မြို့နယ်ဘောလုံးဝါသနာရှင်တို့ ပူးပေါင်းကျင်းပသည့် အသက်(၁၄)နှစ်အောက် လူငယ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက လှိုင်မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာပြိုင်ပွဲဝင် အားကစားဝါသနာရှင်များအား လှိုင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးမျိုးမင်းသန်းနှင့် တာဝန်ရှိသူများမှ အသက်(၁၄)နှစ်ပြည့်မပြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အသက်(၁၄)နှစ်အောက် လူငယ်ဖလားအမျိုးသားဘောလုံးပြိုင်ပွဲကို စတင်ကျင်းပခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကျင်းပပေးခြင်းဖြင့် မျိုးဆက်သစ်လူငယ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် လူငယ်များအား ကစားကိုပိုမိုစိတ်ပါဝင်စားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း လှိုင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးမျိုးမင်းသန်းမှသိရသည်။

မြို့နယ်( ပြန်/ဆက်)