အ-မ-က (၂) အလုံ၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်

အလုံ စက်တင်ဘာလ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အ-မ-က () အလုံ၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး​မှ ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း ပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများမှ တိုင်းရင်းဆေးနှင့်ပတ်သတ်၍ သိရှိလိုသည်များမေးမြန်းဆွေးနွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသားကျောင်းသူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)