တိုက်ကြီး စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးအတွက် ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌကိုယ်စား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ခင်အိက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်းကို သင်တန်းသူ ၁၅ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၃ ရက်မှ ၁၄ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)