မရမ်းကုန်း စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကော်မတီ၏ ခရိုင်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က မရမ်းကုန်းမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း စိန်ပန်းမြိုင်ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး အလှုငွေ ကျပ်သိန်း (၃၀) ကိုပေးအပ်ရာ မရမ်းကုန်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးခိုင်အုန်းက လက်ခံရယူခဲ့သည်။
ခရိုင်အဆင့်နည်းပြသင်တန်းတွင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဥ်များနှင့် ပတ်သက်၍ စာတွေ့/လက်တွေ့ သင်ခန်းစာများကို နည်းပြ (၃) ဦးမှ (၃-၉-၂၀၂၄) မှ (၁၄-၉-၂၀၂၄) ထိ သင်ကြားပို့ချပေးမည်ဖြစ်ရာ မရမ်းကုန်းခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား (၄၈) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)