သန်လျင် စက်တင်ဘာ ၃
သန်လျင်ခရိုင်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဦးမျိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါသင်တန်းသို့ သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသားသင်တန်းသူ(၃၉)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှ စက်တင်ဘာ(၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။
အခမ်းအနားသို့ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(ခရိုင်ပြန်ဆက်)