မြစ်သား စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့အဝင် ဆိုင်းဘုတ်နှင့် မြို့ထဲလမ်းမကြီးတစ်လျှောက်၌ အစဉ်အမြဲသာယာလှပစေရန်နှင့် ညအခါ ပြည်သူများအသွားအလာ အဆင်ပြေစေရန်၊ လျှပ်စစ်ဓါတ်အားခများ ကုန်ကျသက်သာစေရန် ရည်ရွယ်၍ ဆိုလာသုံးလျှပ်စစ်မီးတိုင်များ တပ်ဆင်ပေးခြင်းလုပ်ငန်းကို ယမန့်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ် ကူမဲမြို့အဝင် ဆိုင်းဘုတ်နှင့် မြို့ထဲလမ်းမကြီးတစ်လျှောက်ရှိ ဆိုလာသုံးလျှပ်စစ်မီးတိုင်များတွင် နေရောင်ခြည်စွမ်းအင်သုံး အလင်းတိုင်များ တပ်ဆင်ပေးလျက်ရှိပြီး ကူမဲမြို့နေ ဒေသခံပြည်သူများ လမ်းမကြီးပေါ်တွင် ညအခါ၌ အသွားအလာ ကောင်းမွန်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ တပ်ဆင်းပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)