မက်မန်းမြို့နယ်၌ မွတ်နိုးကျောင်းတွင် နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသ

မက်မန်း စက်တင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟု သုတများတိုးပွားစေရန်ရည်ရွယ်၍  နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက်ပိုင်းက မက်မန်းမြို့နယ် မွတ်နိုးကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက “လတ်တလောဖြစ်ပွားနေသော Mpox(မျောက်ကျောက်) ရောဂါနှင့် ပတ်သတ်၍ အရေးပေါ်အခြေအနေထုတ်ပြန်ချက်၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက် နိုင်ခြေရှိသည့် နည်းလမ်းများ၊ သ့သယဖြစ်ဖွယ်ရာလက္ခဏာများအကြောင်း၊ ရောဂါဖြစ်ပွားပြီးနောက်ဆက်တွဲဖြစ်စဉ်များ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် လက်ဆေးနည်း၊ ကျန်းမာစွာနေထိုင်နည်းများ”အကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မက်မန်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးဆိုးကျိုးများဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပ ပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ကျောင်းသားသူများကစိတ် ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)