မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပ

ပြင်ဉီးလွင် စက်တင်ဘာ ၃   

မန္တ​လေးတိုင်း​ဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို ယ​နေ့နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်​​ရောက်ကြသည် ။ 

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီဉက္ကဋ္ဌ ဦးသန့်ဇော်ဦးမှ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ မူဝါဒများချမှတ်ဖို့အတွက် အရေးကြီးသော လူဦးရေနဲ့ လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မယ့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်တာကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကော်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အနက် လွတ်လပ်ပြီး တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်  ပေးအပ်ထားတဲ့တာဝန်များကို  မိမိတို့ရဲ့အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနှင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း  ပြောကြားခဲ့သည် ။

ဆက်လက်ပြီး သန်းခေါင်စာရင်းဆိုင်ရာ TV Spot ပြသပြီး ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးကျော်လွင်ဦးမှ သင်တန်းသားတစ်ဦးအား သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် တာဝန်ရှိသူများမှ သင်တန်းအထောက်အကူပြုပစ္စည်းများ ခင်းကျင်းပြသထားမှုအား လိုက်လံကြည့်ရှုကြသည် ။  

အဆိုပါ ခရိုင်အဆင့်နည်းပြသင်တန်းကို စက်တင်ဘာ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ နေ့စဉ်နံနက် (၉)နာရီမှ ညနေ (၄) နာရီအထိ ခရိုင်အတွင်းရှိ  သင်တန်းသား၊  သင်တန်းသူ  စုစုပေါင်း(၁၈) ဦးကို  နည်းပြဆရာ (၃) ဦးတို့ဖြင့် သင်တန်းကာလ (၁၂) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။                  

ခရိုင်(ပြန်/ဆက်)