မုဒုံ စက်တင်ဘာ ၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၂)ကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မော်လမြိုင်)မှ တပ်ဖွဲ့စုမှူး ရဲမှူးမိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်း၊ မြို့နယ်ပညာရေးမှူးတာဝန်ခံ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။ ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှအထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ သူ (၃၈) ဦးက “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား” ခေါင်းစဥ်ဖြင့်ယှဥ်ပြိုင်ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများကို စက်တင်ဘာ(၁၃)ရက်နေ့ မော်လမြိုင်မြို့တွင်ကျင်းပမည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)