အမရပူရ စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ကျင်းပခဲ့သည်။
ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲတွင် အမရပူရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သန်းခေါင်စာရင်းဆိုင်ရာ Video ကလစ်အားပြသခဲ့သည်။ ယင်းနောက် ခရိုင်သန်းခေါင်စာရင်းဆိုင်ရာ အတွင်းရေးမှူး ဦးဇော်နိုင်မင်း ကနည်းပြနှင့်နည်းပြသင်တန်းသား၊ သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများကိုပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။ ဆက်လက်ပြီး ခရိုင်အဆင့် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ မြို့နယ်အဆင့်သန်းခေါင် စာရင်းကော်မတီအဖွဲ့ဝင်များက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှသင်တန်းတွင် အသုံးပြုမည့်ပစ္စည်းများ၊ သန်းခေါင်စာရင်းကောက်ယူရေးတွင် အသုံးပြုမည့်ပစ္စည်းများခင်းကျင်းပြသထားမှုများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
စိုးသီဟ(အမရ)