မိုင်းခတ်မြို့၌ ဌာနဆိုင်ရာများပါဝင်သော အဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် စက်တင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက နောင်လုံးကျေးရွာအုပ်စု၊‌ ဟိုလင်း‌အောက်ရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး‌ အေးထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းတို့က  ကျေးရွာနေပြည်သူများအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ‌ကို ဆွေးနွေးပြောကြားရာတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်းနှင့် မှုခင်းပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်နှင့် ဆိုးကျိုးများ၊‌ စစ်မှုထမ်းဥပ‌ဒေဆိုင်ရာသိကောင်းစရာများ၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးသိကောင်းစရာများ၊ စပါး၊ ပြောင်းများ ပိုးကျပါက‌ ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ‌နှစ်ရှည်ပင်များစိုက်ပျိုးကြရန်၊ ကော်ဖီပျိုးပင်များနှင့် ပဲပုပ်မျိုးများကို မြို့နယ်စိုက်ပျိုးရေးဌာနတွင် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ စားသုံးဆီဖူလုံစေရေး နေကြာစိုက်ပျိုးကြရန်၊ သတင်းအမှားအမှန်ခွဲခြားနိုင်ရေး၊ ‌တောမီးမရှို့ရေး၊ တောင်ယာခုတ်ထွင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဥပဒေများအကြောင်းနှင့် ကျေးလက်မီးလင်းရေး၊ ကျေးရွာလယ်ယာကုန်ထုတ်လမ်းများအကြောင်း၊ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ရှောင်ရန်၊ ဆောင်ရန်အချက်များနှင့် ကျွဲ၊ နွား၊ ကြက်၊ ဝက်‌မွေးမြူရာတွင် ရောဂါကူးစက်မှုမှကာကွယ်ရေးတို့ကို မြန်မာဘာသာ၊ အာခါဘာသာတို့ဖြင့် အသိပညာ‌ပေး ဆွေးနွေး‌ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော နောင်လုံးကျေးရွာအုပ်စု၊‌ ဟိုလင်း‌အောက်ရွာမှ တိုင်းရင်းသားပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)